တောင်ငူ မေ ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မေ ၂၅ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းသီတင်းပတ် အစီအစဉ်အနေဖြင့် မေ(၂၅)ရက်မှ မေ(၃၁)ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန် ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက ကျောင်းဝတ်စုံများ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ပေးအပ်ပြီး မေ ၂၇ ရက်တွင် တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၂၃၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၃၅၆) ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၇၈)ဦး၊ စုစုပေါင်း (၄၈၆၉)ဦး လာရောက်ကျောင်းအပ်နှံကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)