နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း ကော်ဖီစိုက်ပျိုးနည်းစနစ် စံပြစိုက်ပျိုးခင်းအား ကွင်းဆင်းကြည့်ရှု

လဟယ် မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်၊ လဟယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းမင်းနှင့်တာဝန်ရှိသူများလိုက်ပါ၍ လဟယ်မြို့ မြို့မရပ်ကွက်နေ အကျိုးဆောင်တော်သူ ဦးဆန်းဦး၏ ကော်ဖီစိုက်ပျိုးနည်းစနစ် စံပြစိုက်ခင်းအားယနေ့ နံနက် (၀၉:၀၀) နာရီအချိန် အဆိုပါစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ကော်ဖီပင်များတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ကော်ဖီပင်အတွက်လိုအပ်သော  အာဟာရဓါတ်များဖြည့်သွင်းနိုင်ရန်အတွက် သဘာဝမြေဩဇာများ ထည့်သွင်းရေးမှာကြားပြီး တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား ကော်ဖီပင်များအား စိုက်ပျိုးရေး ဌာနကထောက်ပံ့ပေးရန်မှာကြားပါသည်။ ထို့နောက်တောင်သူဦးမဇိုးကိုင်လီ၏နှစ်ရှည်သီးနှံလိမ္မော်စိုက်ခင်းအား သွားရောက်ကြည့်ရှုပြီး သီးညှပ်ကော်ဖီပင်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)