မြိုင်မြို့ စည်ပင်သာယာမြို့မစျေးတွင် စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် တိုင်းရင်းဆေးဝါး အတုအပများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြိုင် ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စည်ပင်သာယာ ဈေးကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ အစားအသောက်နှင့် ဆေးဝါး ကွက်ကဲရေးဦးစီးဌာန (FDA) မှ တားမြစ် ထားသော အစားအသောက်များ၊ တိုင်းရင်းဆေးဝါးအတုအပများ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေ၃ နာရီအချိန်က စည်ပင်သာယာမြို့မဈေးတွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။

မြို့မဈေးအတွင်းစားသုံးရန်မသင့်သည့်  အစားအသောက် များဈေးကွက်အတွင်းတရားမဝင် ဝင်ရောက်မှု ဟန့်တားရေးနှင့် စားသုံးသူ အန္တရာယ်ကင်းရှင်းရေး တို့အတွက် အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေး ဦးစီးဌာန(FDA)၏ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများ၊ သက်တန်းလွန် တိုင်းရင်းဆေးဝါးများ ၊ မှတ်ပုံတင်ထားခြင်း မရှိသောတိုင်းရင်းဆေးဝါးအတုအပများနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ  ထုတ်ပြန်ထားသည့် အခြားသုံးစွဲရန် မသင့်သော တိုင်းရင်းဆေးဝါးများ ရောင်းခြင်း ရှိ/မရှိကိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စည်ပင်သာယာဈေးကော်မတီတို့ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ် သည်။

အဆိုပါ တားမြစ်စားသောက်ကုန်များနှင့် တိုင်းရင်းဆေးဝါး အတုအပများရောင်းချခြင်းများ တွေ့ရှိပါက စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)