ရွှေတောင်မြို့နယ်တွင် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

ရွှေတောင် မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ရွေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ရွှေတောင်မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက  ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်မှ အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး  အခွန်ထမ်းပြည်သူများအား အခွန်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဥ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ ကြေညာလွှာများအချိန်မီတင်သွင်းစေရေး၊ လစဥ်ကြိုတင်ခွန်များ ပေးသွင်းစေရေး၊ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်ခြင်းနှင့် ဒဏ်တပ်ရိုက်ခြင်းများစသည့်အခွန်ဆိုင်ရာကိစ္စရပ်များအား  ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အခွန်တိုးတက်ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခွန်ထမ်းပြည်သူများ စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)