ဟုမ္မလင်း မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ KG မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင်လက်ခံကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့မသင်မနေရ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီး ကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက် ရှိသည်။
ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)