ညောင်တုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ကြည့်ရှုအားပေး၍ တာဝန်ခံ ဆရာ/ဆရာမများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံး စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများလက်ဝယ်သို့အရောက် ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်းတို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံခြင်းကို မေလ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)