ညောင်လေးပင်မြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ

ညောင်လေးပင် မေ ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ ငှက်ပျော်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာနှင့် ဖိုးတုပ္ပုံကျေးရွာချင်းဆက်လမ်း လမ်းဘေးဝဲယာ၌ ယနေ့ နံနက် ၈ နာရီအချိန်က ၂၀၂၆ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သက်ပိုင်ဦးနှင့်အဖွဲ့ဝင်များမှ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေစေရေးအတွက် သစ်တောပျိုးပင်များအားလည်းကောင်း၊ ကမ္ဘာ့အပူချိန်လျော့ချရေးလုပ်ငန်းအထောက်အကူပြု သစ်တောပျိုးပင်များအား လည်းကောင်း၊ ကမ္ဘာ့သဲကန္တာရများ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးအထောက်အကူပြု သစ်တောပျိုးပင်များအားလည်းကောင်း မြိုနယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ငှက်ပျော်တော ကျေးရွာ အုပ်ချုပ်ရေးမှူးတို့အား အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်လာကြသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းနိုင်၊  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သက်ပိုင်ဦနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများမှ စိန်ပန်းပြာ၊ စိန်ပန်းဝါ၊ ယင်းမာ၊ ပိတောက်၊ ကျွန်း၊ ခရေ၊ မဟော်ဂနီ ၊ တမလန်း၊မန်ဂျန်ရှား သစ်မျိုး၉မျိုး စုစုပေါင်း စိုက်ပျိုးပင် (၁၅၀)အား အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)