ဓနုဖြူ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယမန်နေ့ မေလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ဆောင်ပုဒ်မှာ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဗီနိုင်းပိုစတာအားစိုက်ထူထားပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားရာ ဓနုဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက် အပ်နှံလျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)