ညောင်တုန်း မေ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများသည် စပါးအထွက်နှုန်းတိုးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ နွေစပါး၊ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အရွှဲကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်မြင့်ဝင်းကြည်က အဖွင့်အမှာစကားပြောကြား၍ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဒေသခံတောင်သူများစုပေါင်း၍ ဆက်စပ်ကုမ္ပဏီများနှင့်ပေါင်းစပ်ပြီး ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက သမဝါယမလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အားရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တောင်သူများက မိမိတို့ဒေသ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးအတွက် တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက အကြံပြုဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ တဆက်တစပ်တည်း ဧက (၁၀၀) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ တစ်ဧကဝင်ငွေတိုးပွားရေးနှင့် အထွက်နှုန်းတိုးပွားစေရေးတို့ကို ဝောာင်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)