ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လိုက်လံအသိပေးနှိုးဆော်

ပေါင်းတည် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပေါင်းတည်မြို့ပေါ်ရှိ ရပ်ကွက်များသို့ သုံးဘီးဆိုင်ကယ်ဖြင့် လှည့်လည် ကာ လိုက်လံအသိ ပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လိုက်လံနှိုးဆော်ရာတွင် တေးသံရှင်များ၏ကိုဗစ်-၁၉ ဆိုင်ရာ သီချင်းများ ဖွင့်လှစ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ ကို ဟန်းစပီကာဖြင့် နှိုးဆော်ပေးခြင်း၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်း၊ Mask မရှိသူများကို Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)