ငွေဆောင် ဇန်နဝါရီ ၁၉
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ မဖြစ်ပွားစေရေး အတွက် ယနေ့နံနက် ၉နာရီခန့်က အ.ထ.က ငွေဆောင် ကျောင်းရှေ့နှင်မြို့မလမ်းတို့တွင်နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကိုငွေဆောင်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းကျော်မှဦးဆောင်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(၁၀၀၀) ကျော်အခမဲ့ပေးဝေ ခဲ့ပြီးမလိုအပ်ပဲ နေအိမ်ပြင်ပ ထွက်ခွာခြင်းမပြုရန်၊ မဖြစ်မနေသွားလာရန်လိုအပ်ပါက နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် ၊ လက်ကို မကြာခဏဆေးကြရန်နှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)