ငဖဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂.၄၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီမှတာဝန်ယူ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်တည်ဆောက် ပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ငဖဲမြို့နယ်အားကစားကွင်းတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် အလျား ၂၂၅၂ ပေ၊အနံ ၆ပေရှိအပြင် အုတ်တံတိုင်းကာရံခြင်း၊ ဘောလုံးကွင်း မြေပြုပြင်ခြင်းနှင့် ကတ်တုံးကာခြင်း၊ အလျား ပေ၁၀၀၊ အနံ ၂၆ ပေ အမြင့် ၇ပေရှိပွဲကြည့်စင်တည်ဆောက်ခြင်း၊ အလျား ပေ ၁၅၀၀ အနံ ပေ၁၀၀ အမြင့် ၆ပေရှိ အတွင်းခြံစည်းရိုးကာရံခြင်း နှင့် ကွင်းအတွင်းရေရရှိရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂.၄၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီက ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်၍ တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံးရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း ငဖဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ သိရှိရသည်။
မယု(ငဖဲ)