ပိုင်ကျုံ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-ကကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် မေ (၂၅)ရက် နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။
“ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးမှ ကြီးကြပ်၍ သက်ဆိုင်ရာဆရာ၊ ဆရာမများက KG တန်းမှ Grade-12အထိ ကျောင်းသား၊ ကျောင်းသူများအား အုပ်ထိန်းသူမိဘများက လာရောက်ကျောင်း အပ်နှံပေးလျက်ရှိကြကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရ၏ စီစဉ်ထောက်ပံ့မှုဖြင့် ကျောင်းအပ်နှံရာတွင် KG မှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကိရိယာများအပြင် ကျောင်းဝတ်စုံ (၁) စုံတို့ကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)