ခမောက်ကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းဖွင့်

ခမောက်ကြီး  မေ  ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ‌ မေ ၂၅ရက် မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်သည်။

သင်တန်းတွင် ခမောက်ကြီးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးသီတာက ကော်ဖီ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာများကို ဆွေးနွေးပို့ချပေးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ခမောက်ကြီးမြို့မှ တောင်သူ(၃၅)ဦးတက်ရောက်သင်ကြားခဲ့ပြီး ဇွန်လတွင် ခမောက်ကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုကိုးပျိုးပင်(၂၀၀၀)နှင့်ကော်ဖီပျိုးပင်(၅၀၀၀၀)ကို တောင်သူများအား အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)