ဘားအံ မေ ၂၅
ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ကရင်ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်း ဦးဆောင်၍ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများသည် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက် နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စုနှင့်လှာကာကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောသည်။
ထိုသို့ဆွေးနွေးဟောပြောရာတွင် ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်းက ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေအရာရှိဦးနိုင်ဝင်းက ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိဦးစောသိန်းဖေမြင့်က လောင်းကစားဥပဒေပါသိကောင်းစရာများကိုလည်းကောင်း၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဒေါ်ဖြူဖြူသင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာဥပဒေပါသိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)