ခါမ်းပါတ် ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာတွင် ကမ်းပြို ကာကွယ်ရေးအတွက် မြေထိန်း နံရံတည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရံပုံငွေ ကျပ် (၂၀၀.၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟိုင်းဆင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လက်ရှိတည်ဆောက်မည့်မြေထိန်းနံရံသည် အရှည် ပေ (၁၁၇၀)ရှိပြီး Steel Basket မြေထိန်းနံရံ အမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။
သားငယ်(ပြန်/ဆက်)