မြိတ်မြို့နယ် ဝါကုန်းကျေးရွာတွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြော

မြိတ် မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ပြည်သူလူထုအကြား မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သမုတ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး ဟောပြောပွဲကို ယမန်နေ့က သမုတ်ကျေးရွာအုပ်စု၊ ဝါကုန်းကျေးရွာ အမကဝါကုန်း စာသင်ကျောင်းခန်းမတွင် ကျင်းပသည်။

ဟောပြောရာတွင် သမုတ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် မင်းမင်းထွန်းက မှုခင်းကျဆင်းရေး အသိပညာပေးခြင်းနှင့် ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် အချက်အလက်များ ရှင်းလင်းပြောကြား၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဇင်ဖြိုးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ‌ဒေနှင့် ပတ်သက်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲသို့ ဝါကုန်းကျေးရွာနေ ကျေးရွာသူ/သားများ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)