ကရသူရိ မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊သူများ၏ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက် နံနက် ၉ နာရီမှစ၍ အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းစာသင်ခန်းများ၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံလက်ခံရာတွင် (KG) အတန်းမှ (Grade-12) အထိ ကျောင်းသား၊ သူအားလုံး လက်ခံဆောင်ရွက်လျက်ရှိပြီး မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံရာ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လာရောက်အပ်နှံလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)