ပြည်ကြီးမဏ္ဍိုင် မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းအပ်နှံခြင်းကို အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက် နေ့ နံနက် ၉ နာရီမှ စတင်၍ ဆရာ/ဆရာမများမှ စာရင်းသွင်း၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်လက်ခံရာတွင် KG အတန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများမှ ကျောင်းသားမိဘများနှင့်အတူ ကိုယ်တိုင်လာရောက်အပ်နှံကြပြီး ကျောင်းမှ ကျောင်းသုံးပြဋ္ဌာန်းဖတ်စာအုပ်တစ်စုံစီနှင့် ဗလာစာအုပ်များကို အခမဲ့ ထောက်ပံ့ပေးခြင်းနှင့် တစ်စုံတစ်ရာ ငွေကြေးကောက် ခံမှုမရှိကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းကို မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းတစ်ပတ်အဖြစ် သတ်မှတ်၍ နေ့စဉ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းဝတ်စုံတစ်စုံစီတို့ကို အခမဲ့ဖြန့်ဝေပေးကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးထိုက်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)