ရွှေကျင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိ

ရွှေကျင် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများက ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ေပးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံးကို ပညာရေးဌာနအနေဖြင့် ကျောင်းအပ်နှံစေရေးအတွက် ကျောင်းလာရောက်အပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)