မုံရွာ မေ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်း ဦးဆောင်သော ဝန်ထမ်းများသည် မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Comniunity Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာ စကားပြော Four skill သင်တန်းသား/သူများ၊ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းသား/သူများနှင့် ပြန်/ဆက်ဝန်ထမ်းမိသားစုဝင်များအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးဝင်းတို့က လိုက်လံကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆) ကတ်နှင့် UID ကတ်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)