ငါးသိုင်းချောင်းမြို့တွင် မြို့လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ငါးသိုင်းချောင်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် မြို့လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ငါးသိုင်းချောင်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ငါးသိုင်းချောင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်ကကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး အကြောင်းကြောင်းကြောင့် စာသင်ကျောင်းနှင့် အလှမ်းကွာနေကြသူများအား

စာသင်ခန်းအတွင်း ရောက်ရှိလာအောင် စည်းရုံးဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားကာ ငါးသိုင်းချောင်းကျောင်း မိဘဆရာအသင်းမှဥက္ကဋ္ဌဦးအောင်စိုးမြင့်က ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတော်မှ အခမဲ့ချီးမြှင့်သော ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကို တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအာ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)