ချောင်းသာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ချောင်းသာ မေ ၂၅

၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် လက်ခံခြင်းများကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့် အညီ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ ​ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)