ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသူကျောင်းသားများ ပျော်ရွင်စွာဖြင့် ကျောင်းအပ်နှံလျက်ရှိ

ဟိုင်းကြီးကျွန်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိအခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ၍ ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသားကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံနေကြကြောင်း သိရသည်။

ထိုသို့လာရောက် ကျောင်းအပ်နှံရာတွင် ဆရာ/ ဆရာမများမှ မိဘများနှင့်ကျောင်းသား ကျောင်းသူများအား နွေးထွေးပျူငှာစွာဖြင့် ကြိုဆိုကြပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသူ/သားများ လက်ဝယ်သို့အရောက် ပေးခဲ့ကြောင်းသိရသည်။

ကျောင်းအပ်နှံရေးလုပ်ငန်းစဥ်များကို ၂၀၂၆ ခုနှစ်မေလ (၂၅)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း တိုက်တွန်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)