၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေဘို မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အကောင် အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းများ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းများ၊ လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များ၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များ၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အရေးကြီးသီးနှံ(၁၃)မျိုးနှင့်သီးနှံများ စိုက်ပျိုးရန် လျာထားချက်များ ပြည့်မီစေရန် စီမံကိန်းတာဝန်များကို ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်မှ ဌာနဆိုင်ရာများသို့ တာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)