ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ရွှေဘို မေ ၂၅

စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့ခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက်(၉)နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး၊ ရွှေဘိုခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် လူစည်ကားရာနေရာများ၌ အခြေခံပညာဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးလှုံ့ဆော် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)