ငရုတ်ကောင်းမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ငရုတ်ကောင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ဓမ္မကာရုံဘုန်းတော်ကြီးကျောင်းတွင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းကျော်နှင့်တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကရွေးခြယ်တင်မြှောက်ထားသောဒေသခံ ပြည်သူများဖြစ်သည့် အတွက်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသ ဖွံ့ဖြိုးတိုးတက် လုပ်ငန်းများအတွက် ဒေသခံပြည်သူများကလိုအပ်သည်များကို တင်ပြဆွေးနွေးသွားရန် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဒေသကိုယ်စားလှယ် ဦးမင်းမင်းကျော်က မိတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီးကျေးရွာရှိ ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)