ရွှေဘို မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီက ရွှေဘိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရန်ကြီးအောင်ပန်းခြံရှေ့ကျုံးအနီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဥ်များ၊ ဆီတင်ယာဥ်များ၊ ကုန်ပစ္စည်းတင်သည့် ယာဥ်များနှင့် ကိုယ်ပိုင်ယာဥ်များ မီးဘေးလုံခြုံမှု ရှိစေရေးနှင့် မီးလောင်မူမီးလန့်မူမဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မော်တော်ယာဥ်များတွင် မီးသတ်ဆေးဘူး ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေး၍ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များအား မီးသတ်ဆေးဘူးသုံးစွဲမူ အသိပညာပေးခြင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ဆောင်ရွက်ခဲ့သည်။
ရွှေဘိုမြို့၌ မော်တော်ယာဥ်များ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)