ကန်ကြီးထောင့် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာလက်ကမ်းစာ စောင်များအား စဉ်ဆက်မပျက်ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ စဉ်ဆက်မပျက် ဖြန့်ဝေပေးလျက်ရှိရာ မေ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် “မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် - အိမ်ခြေခိုင်ခံ့အောင်လုပ်ပါ၊ အရေးပေါ်အိတ် (Emergency Kit) ပြင်ဆင်ပါ၊ သတင်းနားစွင့်ပါ၊ ရွှေ့ပြောင်းမည့် လမ်းကြောင်းသိပါစေ၊ အိမ်ထဲမှာပဲ နေပါ၊ လျှပ်စစ်နှင့် ဂတ်စ်များ ပိတ်ထားပါ၊ ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ၊ ဓာတ်ကြိုးများနှင့် ဝေးဝေးနေပါ၊ ရေသန့်ကိုသာ သောက်သုံးပါ၊ ကူးစက်ရောဂါ သတိပြုပါ၊ အကူအညီတောင်းခံခြင်းနှင့် ဆက်သွယ်ရေးနည်းလမ်းများ” စသည့်အကြောင်း အရာများပါဝင်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)