ညောင်တုန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ကျောင်းကုန်းဧည့်မှူးရေးသားသော "မိုးမခတော ဝတ္တုတိုများ"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ (Book Club) အဖွဲ့ဝင် စာရေးဆရာမင်းဝေမှူးနှင့် ပန်းတနော်သိန်းအေးတို့က ဦးဆောင်၍ ကျောင်းကုန်းဧည့်မှူး၏ " မိုးမခတော ဝတ္တုတိုများ" စာအုပ်ပါ အမွေ၊ ဆုတောင်းမေ့သူများ၊ ငြိမ်းစွချမ်းစွမိုး စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်ပြပွဲများ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)