မိုးညို မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆၆ ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ခုနှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း (၁၆၆)ကျောင်းတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့အပြင် KG တန်းမှ Grade -5 အထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်မှ အခမဲ့ပေးအပ်လျက်ရှိသည်။
အဆိုပါကျောင်းအပ်နှံခြင်းများကို မြို့နယ်ပညာရေးမှူး ဒေါ်နီနီအေး၊ အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ကျေးရွာအလိုက် ကျောင်းအုပ်ကြီးများက ကြီးကြပ်၍ ဆရာ/ဆရာမများက မေလ၂၅ရက်နေ့မှစတင်၍ မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)