အမာ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးတိုင်းပညာသင်ယူနိုင်ရေးအတွက် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“နိုင်ငံတာ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံ ကြပါစို့’’ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာအတန်းအလိုက်ဆောင်ရွက်လျက်ရှိရာ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ မူလတန်းအဆင့်ကလေးငယ်များအတွက် ကျောင်းဝတ်စုံများစသည်တို့ကိုထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ(၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာများရှိ အခြေခံကျောင်းများ အားလုံးတွင် အသီးသီးဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)