မြောင်းမြမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်စတင်လက်ခံ

မြောင်းမြ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်းများတွင် ယနေ့နံနက် (၉း၀၀) နာရီအချိန်မှစတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ မြောင်းမြမြို့နယ်တွင် အခြေခံပညာကျောင်း (၃၃၃) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၃၃၆) ကျောင်းရှိရာ ပထဦးဆုံး ကျောင်းအပ်လက်ခံသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများစွာက အုပ်ထိန်းသူများနှင့်အတူ လာရောက်အပ်နှံလျက်ကြောင်း သိရသည်။

ထိုသို့ကျောင်းအပ်နှံရာတွင် မြောင်းမြ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ (၂၅) ရက်နေ့မှ  (၃၁)နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ဇေယျာ( ပြန်/ဆက်)