ဖောင်းပြင် မေ ၂၅
ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအနေဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒသကြီး၊ ဖောင်းပြင်မြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ယနေ့နံနက် ၉ နာရီအချိန်ကစ၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက သက်ဆိုင်ရာကျောင်းအသီးသီးတွင် လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းအပ်လက်ခံနေသည့် အခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများသို့သွားရောက်၍ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဖောင်းပြင်မြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၃ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် KG မှ G-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်းနှင့် G-6 မှ G-9 အထိ ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ပုံနှိပ်စာအုပ်များ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)