မော်လမြိုင်ကျွန်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ အမှတ် (၄) ရပ်ကွက်၊ ကျိုက်ပိနယ်မြေမီးသတ်စခန်းအနီးရှိ ဦးဇော်မျိုး၏ (၈၀x၃၀) ပေ၊ RC (၁)ထပ် စက်သုံးဆီအရောင်းဆိုင်စ၍ မီးပလပ်ခုံ အပူလွန်ကဲ၍ အနီးရှိ (92) ဓာတ်ဆီပီပါသို့ မီးပွားကျကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယနေ့နံနက် (၇:၀၀) မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ (92) ဓာတ်ဆီ (၂)ပီပါ၊ ဒီဒယ် (၁) ပီပါ၊ ပန့် (၂) လုံး၊ (၁၅)ပေ သွပ် (၁၀) ချပ် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သည့် မီးသတ်သန္ဓေ (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၇) နာရီ (၃၀) မီနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်းနှင့် အဆိုပါမီးစတင်လောင်သည့် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးဇော်မျိုးအား ကျိုက်ပိနယ် မြေရဲစခန်းမှ (ပ)-၁၆ /၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)