မအူပင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံပညာ အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအား မေ ၂၂ ရက်နေ့နံနက် (၉)နာရီက အမှတ်(၁၁)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲ၌ မအူပင်ခရိုင်ပညာရေးမှူး ဦးမြတ်မိုးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ပညာရေး မှူးဦးလျန်ထေမှ သင်တန်းဆိုင်ရာ အချက်အလက်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ၎င်းသင်တန်းအား သင်တန်းနည်းပြဆရာ၊ ဆရာမ(၈)ဦးတို့မှ မအူပင်မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၉၈)ဦးအား နံနက်(၉)နာရီမှ (၃)နာရီထိ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၂၃)ရက်နေ့မှ (၂၈)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)