မော်လိုက်မြို့တွင် ကျောင်းအပ်နှံရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

မော်လိုက် မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ(၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်က အ.ထ.က ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။

ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၅)ရက်မှ (၃၁)ရက်နေ့အား ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးနေ့ အသိပေးနှိုးဆော်ခြင်း မြေစိုက်ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်း‌ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများက စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့‌ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)