မော်လမြိုင်ကျွန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ (အ.လ.က)တောရကျောင်းရှေ့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆိုင်းဘုတ်တွင် “နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟုတိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းသိန်းနှင့် လူရည်ချွန်ကျောင်းသူများက ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူရည်ချွန်များနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ထို့နောက် ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ပြီး ဘင်ခရာအဖွဲ့နှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)