ရွှေဘို မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရွှေဘိုမြို့နယ်အတွင်းရှိ မြို့ပေါ်နေ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် Placement Test အကြောင်း သိရှိစေရန်အတွက် ယမန်နေ့က ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်အသိပေး ဆော်ဩခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုလွင် ဦးဆောင်သော ခရိုင် /မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့သည် ရွှေဘိုမြို့ပေါ်အတွင်းရှိ ရပ်ကွက်များ၌ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံရေးနှင့် Placement Test အကြောင်း သိရှိနိုင်စေရန်အတွက် လှည့်လည်အသိပေးဆော်သြခြင်း ဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုမြို့၌ Placement Test (အထူးအစီအစဉ်) ဖြေဆိုခွင့် လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံး၌ (၂၂.၅.၂၀၂၆) ရက်နေ့မှစ၍ ပိတ်ရက်မရှိ အခမဲ့ထုတ်ယူပြီး (၅.၆.၂၀၂၆) ရက်နေ့ထိ မြို့နယ်နယ်ပညာရေးမှူးရုံးသို့ ပြန်လည်တင်သွင်းလျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ် ထားသည့် စာစစ်ဌာနများတွင် (၁၅.၆.၂၀၂၆)ရက်နေ့မှ (၂၀.၆.၂၀၂၆)ရက်နေ့အတွင်း ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)