ကြံခင်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား မေ ၂၂ ရက်နေ့နံနက်ပိုင်းက လမ်းမတော်လမ်းနှင့် ကြံခင်း-အကောက်တောင်လမ်းထောင့်တွင် စိုက်ထူပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်)ဆရာကြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ကြပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးစိုးပိုင်နှင့် ဦးသိန်းလွင်၊ မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးတို့က မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade- 12) အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)