မြန်အောင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြ က်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(သာမန်) အဆင့် သင်တန်းဆင်းပွဲကို မေလ ၂၃ ရက်နေ့နံနက်က အ.လ.က လက်ပံရပ်၌ ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားသို့ တက်ရောက်ကြသူများက မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး ကြက်ခြေနီသစ္စာဓိဋ္ဌာန်ရွတ်ဆိုကြသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က သင် တန်းဆင်း အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်က ကြက်ခြေနီ၏လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြား၍ မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက သင်တန်းဖြစ်မြောက်ရေးဝိုင်း ဝန်းကူညီမှုအတွက် ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က သင်တန်း ဆင်းဂုဏ်ပြု အမှာစကား ပြောကြားသည်။
ကျောင်းကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(သာမန်) အဆင့်သင်တန်း (၁/၂၀၂၆) သင်တန်းမှ ဆရာ(၂) ဦး၊ ဆရာမ (၁) ဦး၊ ကျောင်းသား (၁၁) ဦး၊ ကျောင်းသူ (၁၆) ဦး စုစုပေါင်း (၃၀) ဦးတို့မှ ထူးချွန်ကြက်ခြေနီမောင်မယ်များ၊ ဆရာဆရာမများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးသူနာပြုစုခြင်း(သာမန်)အဆင့် သင်တန်းသား/သူများက International Red Cross Song သီချင်းကို သီဆိုဂုဏ်ပြုပြီး ဦးခေါင်းရိုးကျိုးစည်းနည်း၊ အသက်ကယ် အသက်ရှုအားကူနည်း၊ နှလုံးနှိုးဆွနည်း၊ Rice စည်းနည်း၊ ပေါင်ရိုးကျိုးလူနာပြုစုနည်းများကို လက်တွေ့ သရုပ်ပြသခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)