ကြံခင်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ KG,G-1 နှင့်မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယန့မွန်းလွဲပိုင်းက အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ၊ ဆရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးတင်အောင်စိုး သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းအား စိတ်ပါဝင်စားစွာဖြင့် သင်ယူကြသော ဆရာ၊ ဆရာမများနှင့် နည်းပြများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းမှပိုချပေးသော ဘာသာရပ် များအား မိမိတို့ကျောင်းတွင် ပြန်လည်မှဝေကာ မျိုးဆက်သစ် သားငယ်၊ သမီးငယ်များအား သင်ကြား ပို့ချရမှာကြောင်း၊ မေ ၂၅ ရက်နေ့မှစ၍ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွား မည်ဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန် ပြောကြားသည်။ ဆက်လက်၍ သင်တန်းသူ ဆရာမများက အကပဒေသာများဖြင့် ကပြ ဖျော်ဖြေကြကာ ကျောင်းစုမှူးများက ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်း ၁၂၂ ကျောင်းမှ ဆရာ၊ ဆရာမ ၁၂၄ ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်ကြာ၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နည်းပြ ၄ ဦးမှ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)