သာပေါင်းမြို့နယ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား ပြည်သူများ လိုက်နာဆောင်ရွက်မှုရှိ‌ရေးစစ်ဆေး

သာပေါင်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်းပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့မေလ ၂၄ ရက်နေ့၊နံနက် ၇ နာရီခွဲအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာ စျေးအတွင်း ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် ဝန်ထမ်းများက သီရိရွှေသာဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် ပလတ်စတစ်အိတ် သုံးစွဲမှု ရှိ/မရှိစစ်ဆေးပြီး “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပလတ်စတစ်သုံးစွဲမှုရှောင်ရှားစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပလတ်စတစ်အိတ်သုံးစွဲမည့်အစား အင်ဖက်၊ သတင်းစာ စက္ကူ၊ ပိန်းရွက်အစရှိသည့် အစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲကြရန် စျေးရောင်း၊ စျေးဝယ်ပြုသူ ပြည်သူများအား အသိပညာပေးပြောကာ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ရေး စစ်‌ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး