မုံရွာ မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မီးသတ်စခန်း၏ အနောက်ဘက် (၁) မိုင်ခန့်အကွာ ထန်းတောရပ်ကွက်၊ ကျွန်းဆွယ်ရပ်၊ နယ်မြေ(၅)၊ အင်းပတ်လမ်းရှိ ဦးဝင်းလှိုင်၏ နေအိမ် ခြံဝန်းအတွင်းရှိ တရုတ်မန်ကျည်းပင်မှ အရှည် (၄၀) ပေခန့်ရှိသော ကိုင်းပွားကျိုးကျ၍ မီးကင်းအဆောက်အဦပေါ်သို့ ပိနေကြောင်း မေလ ၂၄ ရက် နံနက်ပိုင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇင်ဖိုအောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား (၂+၈) ဦး၊ ထန်းတောရပ်ကွက် အရန်မှ အင်အား (၂၀) ဦး၊ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ အင်အား (၅) ဦးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါတရုတ်မန်ကျည်းပင် ကိုင်းပွားကျိုးကျမှုကြောင့် ဝါးဝင်းထရံ (၁၂) ပေတစ်ချပ်၊ မီးကင်းအဆောက်အဦဘေးအကာ (၅x၇)ပေ Composite ကျောက်ပြားတစ်ချပ် ဆုံးရှုံးခဲ့ပြီးလူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)