ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ရေတာရှည် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ရေတာရှည်မြို့နယ်အတွင်းရှိ နတ်ရေတွင်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်၏လမ်းညွှန်မှုဖြင့်  မီးသတ်တပ်ဖွဲ့ဝင်များက နတ်ရေတွင်းကျေးရွာရှိ ရပ်ကွက်နေအိမ်များသို့ လိုက်လံကာ မီးအသုံးပြုမှုများ စစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်‌ရေး အချက်များသိရှိရန်၊ မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ‌ဆောင်ရွက်ထားရန်တို့ကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)