တမူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တမူး မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၈ နာရီက ဈေးတန်းရပ်ကွက်၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင်  (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်း၊ ဆေးဖျန်းခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်(Abate)ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ခြင်ပေါက်ပွားမှု၊ ခြင်ခိုအောင်းမှုလျော့နည်းစေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ‌ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ရတနာ