မြောင်းမြတွင် မိုးရာသီ၌ လမ်းဘေးသစ်ပင်လဲကျနေမှုများအား ရှင်းလင်းဆောင်ရွက်

မြောင်းမြ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မိုးတွင်းကာလ၌ ကံ့ကော်မြိုင်ရပ်ကွက်နှင့် ရေတွင်းရေကန်ကျေးရွာတို့တွင် သစ်ပင်လဲကျနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လမ်းဘေးသစ်ပင်လဲကျနေမှုများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့ပေါ်နှင့်ကျေးရွာနေ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်၊ ဓာတ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား ဆောင်ရွတ်ခဲ့ကြောင်း သိရှိရသည်။

ဇေယျာ( ပြန်/ဆက်)