သဲကုန်း မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစောငြိမ်းသောင်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ (၁၀/၁၈)နှစ်ပြည့်ပြီးသူ ဒေသခံ ပြည်သူ (၃၉၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် UID ကတ်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)