လှိုင်းဘွဲမြို့၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ

လှိုင်းဘွဲ မေ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများတွင် သင်ကြားမည့် အခြေခံပညာအလယ် တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်ကြားပို့ချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ ဆရာ၊ ဆရာမ (၁၁၃) ဦးတို့ကို သင်တန်းနည်းပြ(၉)ဦးတို့ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် သင်ကြားမည့် ဆဌမတန်း (Grade-6) ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံမွေးမြူရေးပညာရပ်များ၊ အခြေခံစိုက်ပျိုးရေးပညာရပ်များနှင့် အခြေခံစက်မှုပညာရပ်များကို မေလ (၂၂) ရက်နေ့မှ မေလ(၂၆) ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)