ချောက်မြို့နယ်၌ အသက် (၂၀) နှစ်​အောက် Online ရိုးရာ ခြင်းအ​​တော့ပြိုင်ပွဲဆု ရရှိသူများအား ဆုချီးမြှင့်

ချောက် ဇန်နဝါရီ ၁၉

မ​ကွေးတိုင်း​ဒေသကြီး​ချောက်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ် အားကစားပြိုင် ကွင်းတွင် ဇန်နဝါရီ ၁၆၊ ၁၇ရက်​နေ့များတွင် ပြိုင်ပွဲဝင် ၁၇ ဦးဖြင့် Online ရိုးရာခြင်းအ​တော့ယှဉ်ပြိုင်ခဲ့ရာ ယမန်နေ့ နေ့လယ် နာရီအချိန်က ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးရုံး၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူ​ မောင်ရဲဝင်းအား ​ငွေသားဆုနှင့် ဆုတံဆိပ်ကို မြို့နယ် အုပ်ချုပ်​ရေးမှူး ဦးကျော်​ဆွေဝင်းမှလည်း​ကောင်း၊ ဒုတိယဆု ရရှိသူ​မောင်ဇော်သူရအား ငွေသားဆုနှင့် ဆုတံဆိပ်ကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးနေမန်းမှလည်းကောင်း၊ တတိယဆုရရှိသူ  ​မောင်ရန်​ကျော်စိုးအား ငွေသား ဆုနှင့် ဆုတံဆိပ်ကို မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းတို့က ဆုချီးမြင့် ခဲ့ပြီး နှစ်သိမ့်ဆုရသူ ဦးအား ငွေသားဆု (၅) ဆုကို မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ ဆက်ဆံ​ရေး ဦးစီးဌာနဦးစီးမှူး​ဒေါ်ချိုချိုမာ၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးစီးမှူးဦးဇော်လင်း​အောင်၊ အားကစားနည်း စနစ်မှူး​ ဒေါ်ဥမ္မာသင်းတို့က အသီးသီးချီးမြှင့်ပေး အပ်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)